Monday, October 30, 2017

ကိလေသာတရား (၁၀) ပါး

ကိလေသာတရား (၁၀) ပါး
==============

၁) လောဘ = အလိုရမက်ကြီးခြင်း
၂) ဒေါသ = ခက်ထန်ကြမ်းတမ်းခြင်း
၃) မောဟ = အသိဥာဏ်ကင်းမဲ့ခြင်း
၎) မာန = ထောင်လွှားခြင်း
၅) ဒိဋ္ဌိ = အယူလွဲမှားခြင်း
၆) ဝိစိကိစ္ဆာ = ယုံမှားသံသယ (အမှားအမှန်ကို မပိုင်းခြားနိုင်ခြင်း)
၇) ထိန= ပျင်းရိခြင်း
၈) ဥဒ္ဓစ္စ= မတည်ငြိမ်ခြင်း
၉) အဟိရိက= မကောင်းမှုပြုရန် မရှက်ခြင်း
၁၀) အနောတ္တပ္ပ= မကောင်းမှုပြုရန် မကြောက်ခြင်း




ဓမ္မစက္ကြာ သစ္စာလေးပါးတရား

ဓမ္မစက္ကြာ သစ္စာလေးပါးတရား
=================

မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရခြင်း၊
ချစ်နှစ်သောသူနှင့် ကွဲကွာရခြင်းသည်ဆင်းရဲ၏။
ပဋိသန္ဓေနီရခြင်း၊ အိုခြင်းနာခြင်း၊ သီရခြင်းသည် ဆင်းရဲ၏။
လိုချင်စွာကို မရခြင်းသည်ဆင်းရဲ၏။

ကာမဂုဏ်လွန်ကျူးမှု၊ မိမိကိုယ်ကို ညှင်းဆဲနှိပ်စက်မှု ဤအစွန်းနှစ်ဖက်မှ လွတ်ကင်းသော ဒုက္ခအပေါင်းချုပ်ငြိမ်းရာ မဇ္ဈိမပဋိပဋာတည်းဟူသော အလယ်အလတ်လမ်းစဉ်သည်ဟိ၏။

ထိုအလယ်အလတ်လမ်းစဉ်မှာ
(၁) ဖြောင့်မတ်စွာ ယုံကြည်ခြင်း (၂) ဖြောင့်မတ်စွာ ကိုးကွယ်ခြင်း (၃) ဖြောင့်မတ်စွာ ပြောဆိုခြင်း
(၄) ဖြောင့်မတ်စွာ လုပ်ဆောင်ခြင်း (၅) ဖြောင့်မတ်စွာ အသက်မွီးခြင်း (၆) မှန်ကန်သော လုံ့လဟိခြင်း
(၇) မှန်ကန်သော သတိဟိခြင်း (၈) မှန်ကန်သော သမာဓိဟိခြင်းတည်းဟူသော ဖြောင့်မတ်ခြင်းတရား (၈) ပါးသာလျှင်တည်း။

ထိုဖြောင့်မတ်တရား (၈) ပါးလမ်းစဉ်သည် ထာဝစဉ်မှန်ကန်သော ပရမတ္တအမှန်တရားဖြစ်၏။ ထိုဖြောင့်မတ်ခြင်းတရား  (၈) ပါးလမ်းစဉ်အတိုင်း လျှောက်လှမ်းလျှင် လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ  မည်သူမဆို လွတ်မြောက်ခြင်းတည်းဟူသော (နိဗ္ဗာန်) ချမ်းသာကို မုက္ချမလွဲမဖယ် မျက်မှောက်ပြုကုန်၏။

(ဗုဒ္ဓမြတ်စွာဘုရား ပထမဦးဆုံးဟောကြားတော်မူအပ်သော သစ္စာလေးပါးတရား (သို့မဟုတ်) ဓမ္မစက္ကြာတရား)

မှတ်ချက်။ ။ ချစ်ခြင်းမိတ္တာတရား (Love) နှင့် ခွင့်လွှတ်ခြင်းတရား (Forgiveness) တရားနှစ်ပါးကို ထပ်ပေါင်းတည့်လျှင် ပို၍ ပြီးပြည့်စုံပါသည်။ (သာလှဦး)