Thursday, November 2, 2017

(Forgiveness) (ခွင့်လွှတ်ခြင်းတရား)

(Forgiveness) (ခွင့်လွှတ်ခြင်းတရား)
=====================

ယေဘုယျအားဖြင့် ခွင့်လွှတ်ခြင်းဆိုသည်မှာ ထိုက်တန်မှရသည်ဟု လူအများက ထင်မှတ်ထားတတ်ပါသည်။ ထိုက်တန်မှ ခွင့်လွှတ်မည်ဆိုလျှင် သင့်ဖက်က ပဇာပီးဆပ်စရာလိုတော့သည်နည်း။ ထိုက်တန်မှ ခွင့်လွတ်မည်ဆိုလျှင် ခွင့်လွှတ်ခြင်းမဟုတ်ပါ။ ဤသဘောတရားသည် လူအများ နားလည်ရခက်ခဲသော သဘောတရားတရပ်ဖြစ်သည်။ အကြွင်းမဲ့ခွင့်မလွှတ်နိုင်ခြင်းသည် သင့်ရင်ထဲ၌ မိတ္တာတရားခေါင်းပါနီသိမ့်သောကြောင့်ဖြစ်သည်။ မထိုက်တန်သူကိုခွင့်လွှတ်နိုင်မှသာလျှင် သင့်၏ခွင့်လွှတ်ခြင်းသည် စစ်မှန်ပေသည်။

ခွင်လွှတ်ခြင်းဆိုသည်မှာ ထိုက်တန်သည် မထိုက်တန်သည်နှင့် မသက်ဆိုင်။ သင်၏နှလုံးသားထဲ၌ မိတ္တာတရား ဟိမဟိနှင့်ရာ သက်ဆိုင်သည်။

အစ္စလာမ်ဘာသာရီးလောက၌ (Sufi) ဂိုဏ်းထဲမှ အလွန်ထင်ပေါ်ကျော်စောသော အမျိုးသမီးတဦးပေါ်ထွန်းခသည်။ သူမ၏နာမည်မှာ (Rabiya al-Adabiya) ဖြစ်သည်။ အလွန်နာမည်ကြီးသဖြင့် ၄င်း Sufi ဂိုဏ်းထဲမှ နာမည်ကြီးဆရာတဦး သူမထံသို့ လားရောက်လည်ပတ်သည်။ သူ၏နာမည်မှာ (Hasan) ဖြစ်သည်။ သို့သော် သူက သူနှင့်အတူ (Quran) ကျမ်းစာအုပ်ပါမလာ မိကျန်ခသည်။ ဆုတောင်းချိန်ရောက်သောအခါ (Quran) ကျမ်းပါမလာသဖြင့် သူမ၏ (Quran) ကျမ်းကို ခေတ္တငှားယူခွင့်တောင်းသည်။

အံ့သြစရာဖြစ်သည်မှာ သူမ၏ (Quran) ကျမ်းစာအုပ်ထဲတွင် အချို့စာကြောင်းများကို မျှဉ်းဖြတ်ထားပြီး တချို့စာလုံးများကို ခြစ်ဖျက်ထားသည်ကို တွိရသည်။ ဤသည်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သူများအဖို့ ဖြစ်ရိုးဖြစ်စဉ်မဟုတ် အလွန်ကြီးသောအပြစ်ဒါဏ်ဖြစ်သည်။ ထို့ကြောင့် (Hasan) က မိမိမျက်စိကို မိမိမယုံကြည်နိုင်၍ အေချင့် ဆရာမ (Quran) ကျမ်းစာအုပ်လား တယောက်ယောက်က ဆရာမ (Quran) ကျမ်းစာအုပ်ကို ခြစ်ဖျက်ထားပါရေ။ ထိုအခါ ဆရာမက ဇာသူကလည်း အကျွန့်ကျမ်းစာအုပ်ကို မကိုင်ပါ။ ခြစ်ဖျက်ထားစွာအာလုံး အကျွန့်လက်နန့် အကျွန်ကိုယ်တိုင် ခြစ်ဖျက်ထားစွာတိပါရာဟုဆို၏။

ဆရာမ ဇာဖြစ်စွာပါလဲ။ (Quran) ကျမ်းဆိုစွာ (Allah) အသျှင်မြတ်က ချပီးထားစွာ၊ အလ္လာအသျှင်မြတ်၏စကား၊ တလုံးတပါဒလည်း အမှားအယွင်းမပါပါ။ (Allah) ထက် ဆရာမက ပိုတတ်နီလို့လား။ အသက်တနှစ်ကြီးလို့လား။ ထိုအခါ ဆရာမက ပြန်ပြောသည်မှာ ဟုတ်ပါရေ။ အကျွန်ကိုယ်တိုင် အကျွန့်လက်နန့် ဖျက်ထားစွာပါ။ မဖျက်ကေမရလို့ ဖျက်ထားစွာပါ။ ကျမ်းထဲမှာ “နတ်ဆိုးကို မုန်းပါ” လို့ ရွီးထားပါရေ။ အကျွန့်စိတ်ထဲမှာ အမုန်းဆိုစွာ လုံးဝမဟိပါယာ။ အသူတယောက်ကိုလည်း မုန်းဖို့မဖြစ်နိုင်ပါယာ။။ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် တယောက်ကိုလည်း မမုန်းပါ။ ယေဇူးနန့် အကျွန့် (Quran) ကျမ်းစာအုပ်ထဲမှာ (အမုန်း) ဆိုရေစကားလုံးကို ခြစ်ဖျက်ထားပါရေ။ အကျွန့်နှလုံးသားမှာ ချစ်ခြင်းမိတ္တာတရားက လုံးဝဥဿုံနီရာယူပြီးသည်နောက် အမုန်းတရားအတွက်နီရာ လုံးဝမဟိလိုက်ပါယာ။ အကယ်၍ သင့်၏ (Quran) ကျမ်းစာအုပ်ထဲမှာ (အမုန်း) ဆိုရေစကားလုံး ဟိနီသိမ့်ရေဆိုကေ သင်၏ချစ်ခြင်းမိတ္တာစွာ မပြည့်စုံသိမ့်ပါ။

သင်၏နလုံးသားထဲမှာ ချစ်ခြင်းမိတ္တာ ပြည့်ဝနီခဖို့ဆိုကေ ခွင့်လွှတ်ခြင်းနှင့် ထိုက်တန် မထိုက်တန် စဉ်းစားနီဖို့ အချိန်မဟိပါ။

ဒုတိယကမ္ဘာစစ်အတွင်းက (Rudolph Hess) သည် ဟစ်တလာ၏လက်ထောက်တယောက်ဖြစ်ပြီး ကြီးစွာသောရာဇ၀တ်ပြစ်မှုများကို ကျူးလွန်ခသူဖြစ်သည်။ နုရင်ဘတ်ခုံယုံးက ချမှတ်သော တသက်တကျွန်းပြစ်ဒါဏ်ကို ကျခံနီရသူလည်းဖြစ်သည်။ သို့သော် သူသည် မိမိအပြစ်ကို ၀န်မခံရုံသာမက မည်သည့်အခါမျှလည်း နောင်တမရခပါ။ ထိုအကြောင်းကြောင့် သူသည် ခွင့်လွှတ်ခြင်းနှင့်မထိုက်ဟု  ယေဘုယျ ယူဆဖို့အကြောင်းဟိသည်။ မည်သူတဦးတယောက်ကလည်းလည်း ငြင်းပါယ်လိမ့်မည်မဟုတ်ပါ။

သို့သော် အကျွန်ုပ်၏အယူအဆသည် သင်နှင့်မတူပါ။ ခွင့်လွှတ်ခြင်းဆိုသည်မှာ (Rudolph Hess) ကျူးလွန်ခသော အပြစ်များ၊ သူပြောဆိုခသော စကားလုံးများနှင့် မသက်ဆိုင်ပါ။ သူ့အား သင်သည် ခွင့်လွှတ်နိုင်စွမ်း ဟိမဟိနှင့်ရာ သက်ဆိုင်ပါသည်။ သူ့အားသင်သည် ခွင့်လွှတ်နိုင်သည်ဆိုလျှင် သင့်နှလုံးသားသည် ပြီးပြည့်စုံပြီဖြစ်သည်။ အကယ်၍ သင်သည် (Rudolph Hess) အား ခွင့်မလွှတ်နိုင်သိမ့်ဆိုလျှင် သင်သည်လည်း (တကိုင်ထဲ ငပိ၊ တ၀ိုင်းတည်းသား) (ထူးမခြားနား) သာမညလူသားတဦးအဖြစ် အသက်ရှင်နီရဦးမည်ဖြစ်သည်။ (Rudolph Hess) သည် ခွင့်လွှတ်ထိုက်သူဖြစ်သည် မဖြစ်သည် ဆုံးဖြစ်ချက်တိနှင့်အချိန်ကုန်၍ ဦးနှောက်စားနီဦးမည်။ အကြောင်းမှာ (Rudolph Hess) အား ခွင့်လွှတ်နိုင်သောအဆင့်သို့ သင် မရောက်မမှီသိမ့်။

ပုံပြောပြပါဦးမည်။ တိဘက်ပြည်တွင် အလွန်နာမည်ကြီးသော ဘုန်းတော်ကြီးတပါးဟိသည်။ သူအားပြည်သူအများက အထူးကြည်ညိုလေးစားသဖြင့် ဘုရင်၊ မူးမတ်၊ ပညာတတ်၊ လူကုံဌာန်အလွှာပေါင်းစုံက သားသမီးများစွာလာရောက်၍ သူ့ထံ၌ သာသနာဘောင်အတွင်းသို့ ၀င်ခွင့်ပြုရန် တောင်းပန်ကတ်သည်။ သို့သော် သူသည် မည်သူတဦးတယောက်ကိုမျှ လက်မခံခပါ။ သာသနာ့ဘောင်နှင့် ထိုက်တန်သူကို မတွိမချင်း အသူတဦးတယောက်ကိုလည်း ၀င်ခွင့်မပြု။ သံမဏိစည်းကမ်းချထားသည်။ ဘုန်းတော်ကြီးသည် အသက်တရာမပြည့်မှီတိုင်အောင် လူအားလုံးအား ခေါင်းမာစွာဖြင့် ငြင်းဆန်ခသည်။

တရက်နိ မိုးထစောစောထ၍ သူ့အားအလုပ်အကျွေးပြုနီသူ ကပ္ပိယအဘိုးကြီးအား လျင်စွာထလော့၊ တောင်အောက်ရွာသို့ဆင်း၍ ရွာသားအပေါင်းအားပြောလော့။ သာသနာ့ဘောင်အတွင်းသို့ဝင်၍ ဘုန်းကြီးဝတ်လိုသူအားလုံးကို ငါ့ထံသို့ခေါ်ခလော့။ ငါသည် သူရို့အား အေကနိ ဘုန်းကြီးဝတ်ခွင့်ပြုမည်။ ငါ အေကနိသီဖို့ ငါသိရေ။ ငါမသီခင် တရက်တမွန်းတည့်ရာ ကျန်ယာ။

ကပ္ပိယအဘိုးကြီးကပြောသည်မှာ ထိုက်တန်သူမှရာ သာသာနာ့ဘောင်ကို ၀င်ခွင့်ရဖို့ဆို၊ အခုဇာဖြစ်စွာလဲ။ အကုန်သူကိုခေါ်ခ ပြောနီပြန်ဗျာယ်။ အရုးထစွာလား။ ထိုက်တန်လူကို တွိယာလား။

ဘုန်းတော်ကြီးကပြောပြန်သည်မှာ မထိုက်တန်သူမှာ ကျန်လူတိမဟုတ်၊ ငါကိုယ်တိုင်ရာဖြစ်တေ။ ငါ့ကိုငါ အပြစ်ပြောကေ ငါ့ကိုကိုးကွယ်ဖို့လူတိ တယောက်ချေလည်း ကျန်ဖို့မဟုတ်။ ဆွမ်းငတ်ဖို့။ ယေဇူး ကိုယ့်အပြစ် ကိုယ့်ပါးသို့မကျအောင် လူနောက်ကုန်းသို့ ထိုးချစွာရာဖြစ်တေ။ အမှန်အတိုင်းဝန်ခံ၏။ ယခုမှုကား ငါသည် အပြစ်နှင့်ကင်းလွတ်၍ ကမ္မ၀ါစာဖတ်ထိုက်သူ ဖြစ်ပြီးတကား။ သို့ဖြင့် ငါသည် လူအပေါင်းအား ရဟန်းပြုထိုက်သူပြစ်ပြီးတကားဟုဆို၏။

ကပ္ပိယအဘိုးကြီးလည်း ရွာသို့ဆင်းခေါ်ရာ အလုပ်မအားလပ်သဖြင့် သူခိုး၊ ဓမြ၊ ထောင်ထွက်၊ ဗြန်းစိကာရ၊ ဟက္ကရီကျ၊ ကျမကောက် ပျောက်မရှာ လေးငါးယောက်လောက်ကိုရာ ခေါ်နိုင်ခသည်။ သူခိုး၊ ဓမြများမှာလည်း နားမလည်နိုင်ဖြစ်ရသည်။ ချမ်းသာသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ လူကုံဌာန်သားသမီးများ သာသနာ့ဘောင်သို့ ၀င်ခွင့်တောင်းသောအခါ၌ကား တဦးတယောက်ကိုလည်းလက်မခံ။ အခု ငါရို့ သူခိုးတိကိုရာ တကူးတက လာခေါ်ရေ။ ပဇောင်ပိုင်လဲဂု။ ကျားသားငါးပါး ကောင်းကောင်းထူးဆန်းရေ။ ဥုံဖွ လွဲပါလီ ပြိုပါလီ။ လားကြည့်ကတ်မေ။

လူတိုင်းအားနည်းချက်၊ ချွို့ယွင်းချက်ကိုယ်စီဟိကတ်သည်။ အလုံးစုံပြည့်စုံသူ၊ ထိုက်တန်သူဟူ၍ တဦးတယောက်မျှမဟိ။ သို့သော် မိမိသည်သာလျှင် ထိုက်တန်သူဖြစ်ဖို့ အရေးကြီးသည်။ ကနိအဖို့မူကား ငါသည် သဘောသက်ဝင်၍ သီခါနီးမှ ထိုက်တန်သူဖြစ်ရသည်။ သင့်ရို့အား ရဟန်းခံ၊ သျှင်ပြု၊ ကမ္မာဝါစာဖတ်ထိုက်သူဖြစ်ပြီဟု ကြွေးကြော်လီ၏။ မိုးတိမ်တိုက်ရို့မည်သည် ရီတွင်း၊ ရီကန်၊ ချောင်းမြောင်မခြား အတူတူရွာသွန်းဖြိုးသကဲ့သို့ ငါ၏မိတ္တာမိုးသည်လည်း သင်ရို့အားလုံးအပေါ် သူခိုးဓမြမခွဲခြား မိုးနှယ်အတူ တပြည်းညီစွာ ရွာသွန်းဖြိုးလီဗျာယ်။ စင်စစ် ငါအမှန်ဆိုသည်ကား မထိုက်တန်သူရာ ပို၍ထိုက်တန်သူဖြစ်၏။ အကြောင်းမူကား မထိုက်တန်သူသည် ရီခြောက်ခမ်းသော ကန်ကဲ့သို့ မိုးကို ပို၍တောင့်တ၏။

အခါတပါးတွင် ဗုဒ္ဓမြတ်စွာဘုရား ဆွမ်းခံကြွတော်မူသောအခါ လူသတ်သမား အင်္ဂုလိမာလနှင့် ပက်ပင်းတိုးမိသည်။ အင်္ဂုလိမာလက ကျောက်တုံးထက်တွင်ထိုင်လျှက် လက်ထဲ၌လည်း ဒါးမကြီးကို ကိုင်ဆောင်ထားသည်။ ဗုဒ္ဓမြတ်စွာဘုရားအားမြင်သောအခါ “မလားကဲ့ ရပ်” ဟု အော်ငေါက်လိုက်သည်။ သို့သော် ဗုဒ္ဓက မကြောက် ရှိလျှောက်လားသည်။ ထိုအခါ အင်္ဂုလိမာလက ဗုဒ္ဓအား “ငါသည်သင့်အား ရပ်” ဟုဆိုလျှက် သင်သည် ပဇာအတွက်ကြောင့် မရပ်သနည်း။ ငါ၏စကားကို အသင်မကြားသလော။

ထိုအခါ ဗုဒ္ဓကဆိုသည်မှာ ငါကားရပ်နီ၏ မရပ်သူကား သင်သာလျှင်တည်း။ ငါသည် ဘုရားဖြစ်ပြီးကတည်းက ငါ၏စိတ်အစဉ်သည် ကျောက်ဆောင်ကဲ့သို့ မတုန်မလှုပ်မြဲမြံရပ်တည်လျှက်ဟိ၏။ အသင်အင်္ဂုလိမာလ သင်၏စိတ်သည်ကား လီတိုက်သောသစ်ရွက်ကဲ့သို့ မုန်တိုင်းတိုးသော ဖွဲကဲ့သို့ လှုပ်ခတ်လွင့်ပျံ့လျှက်ဟိ၏။ ရပ်နီသူက ငါရာ။ ပြီးနီသူက သင်ရာ။

ယခု သင့်ရှိ၌ရပ်လျှက်ဟိသောငါ့အား သင်၏ဒါးဖြင့် ငါ၏ဦးခေါင်းကို ဖြတ်လိုက ဖြတ်နိုင်၏ ခွတ်လိုက ခွတ်နိုင်၏။ သို့သော် ငါမသီခင် ငါလိုချင်စွာတခုကို သင်လုပ်ပီးပါ။ အင်္ဂုလိမာလက ပြောပါ။ သင်မသီခင် နောက်ဆုံးဆန္ဒ သင့်အလိုကို ငါလုပ်ပီးမည်။

သင်ထိုင်နီသော ကျောက်တုံးနားက သစ်တခက်ကို ငါ့အားခွတ်ဖြတ်ပီးပါ။ အင်္ဂုလိမာလက ချက်ချင်း သူ၏ဒါးဖြင့်ခွတ်လျှက် ဗုဒ္ဓအားပီး၏။ ဗုဒ္ဓကပြန်ပြောသည်မှာ အသင်အင်္ဂုလိမာလ ဤကား ငါ၏ဆန္ဒတ၀က်ရာ ဟိသိမ့်ရေ။ ငါ့အလိုပြီးဖို့ ဤသစ်ခက်အား သစ်ပင်ထက်မှာ ပြန်ဆက်ပီးပါ။

အသင်ဂေါတမ သင်ရူးနီလား။ ပြတ်လားခရေသစ်ခက်ကို ပြန်ဆက်ရရေလို့ အသူပြောရေလဲ။

အသင်အင်္ဂုလိမာလ သင်သည် ပြတ်လားခသောသစ်တခက်အား ပြန်မဆက်နိုင်ဘဲ ပဇာအတွက်ကြောင့် ငါ၏ဥက္ခောင်းကိုဖြတ်ရန် အလိုဟိသနည်း။ သစ်တခက်အား ပြန်မဆက်နိုင်သူသည် သူတပါး၏ဥက္ခောင်းကို ဖြတ်ခြင်းငှာ မထိုက်။

ထိုခဏအတွင်း အင်္ဂုလိမာလသည် အမှန်သိမြင်နောင်တရ၍ ဗုဒ္ဓခြီတော်ရင်းအားဦးခိုက်လျှက် ပြင်းစွာငိုကျွီးလီ၏။ အင်္ဂုလိမာလက ဗုဒ္ဓအား ဘုရားသာသနာ့ဘောင် ၀င်ခွင့်ပြုရန်တောင်းပန်သောအခါ တပည့်သာဝကများငြင်းဆန်သော်လည်း ဗုဒ္ဓသည် သနားဂရုဏာမိတ္တာထားလျှက် နောင်တရသူအား သာသနာဘောင်အတွင်းသို့ ကြည်ဖြူစွာဖြင့် ၀င်ခွင့်ပြုလီသည်တည်း။

Osho, The Great Pilgrimage: From Here to Here, chapter 24
ဘာသာပြန်သူ (သာလှဦး)(ဆီလျှော်အောင်ပြန်ဆိုသည်)