နာယကဂုဏ် (၆) ပါး
============
(၁) ခမာ (သည်းခံတတ်ခြင်း)
(၂) ဇာဂရိယ (တက်ကြွနိုးကြားဟိခြင်း)
(၃) ဥဋ္ဌဌာန (လုံ့လဟိခြင်း)
(၄) သံဝိဘာဂ (ချီမြှောက်ထောက်ပံ့တတ်ခြင်း)
(၅) ဒယာ (သနားကြင်နာတတ်ခြင်း)
(၆) ဣက္ခနာ (ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံခြင်း)
Friday, December 25, 2015
Thursday, December 24, 2015
ကုသလ ကမ္မ (၁၀) ပါး
(၁) (စာဂ) စွန့်ကြဲပီးကမ်း လှူဒါန်းခြင်း။
(၂) (သီလ) ကိုယ်နှုတ်ကို စောင့်ထိန်းခြင်း။
(၃) (ဘာဝနာ) စိတ်ကိုစင်ကြယ်အောင်ပြုခြင်း။
(၄) (အပစ္စာယ) ရိုသေထိုက်သူကို ရိုသေခြင်း။
(၅) (ဝေယျာဝစ္စ) သူတပါးအား ကူညီတတ်ခြင်း။
(၆) (ပဋိဒါန) မျှဝီတတ်ခြင်း။
(၇) (ပတ္တနုမောဓန) သူတပါး၏အောင်မြင်မှုအား ၀မ်းမြောက်တတ်ခြင်း။
(၈) (ဓမ္မစာဝနာ) တရားဒေသနာ ကြားနာရခြင်း။
(၉) (ဓမ္မဒေသနာ) တရားဒေသနာ ဟောပြောရခြင်း။
(၁၀) (ဒိဌိဇ္ဇုကမ္မ) အယူဖြောင့်မှန်ခြင်း။
TEN MERITORIOUS ACTIONS - DASA PUNNAKIRIYA
In Pali In English Effects :
1. Dana - Generosity Wealth
2. Sila - Morality Birth in noble family and in states of happiness
3. Bhavana - Mental Culture Births in Form & Formless Realm
4. Apacayana - Reverence Noble parentage
5. Veyyavacca - Service A large retinue (attendants)
6. Pattidana - Tranference of merits To give in abundance in future birth
7. Pattanumodana - Rejoicing in others' merits Productive of merit wherever one is born
8. Dhammasavana - Hearing to the Dhamma Wisdom
9. Dhammadesana - Expounding the Dhamma Wisdom
10. Ditthijjukamma - Straightening one's views Strengthens one's confidence
အကုသလ ကမ္မ (၁၀) ပါး
အကုသလ ကမ္မ (၁၀) ပါး
===============
၁။ ပါဏာတိပါတ (သူ့အသက်ကိုသတ်ခြင်း)
၂။ အဒိန္နဒါန (သူ့ဥစ္စာကို ခိုးခြင်း)
၃။ ကာမေသုမိစ္ဆာစာရ (သူ့သားမယားအား ပြစ်မှားခြင်း)
၎။ မုသာဝါဒ (လိမ်ညာပြောဆိုခြင်း)
၅။ ပိသုဏ၀ါစာ (ကုန်းတိုက်စကားပြောဆိုခြင်း)
၆။ ဖရုသ၀ါစာ (ကြမ်းတမ်းသောစကား ပြောဆိုခြင်း)
၇။ သမ္ဖပ္ပလာပ (အကျိုးမဲ့ သိမ်ဖျင်းသောစကား ပြောဆိုခြင်း)
၈။ အဘိဇ္ဈာ (သူတပါး၏ဥစ္စာအား လိုချင်တက်မက်ခြင်း)
၉။ ဗျာပါဒ (ရန်ငြိုးထားခြင်း)
၁၀။ မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း)

Tuesday, December 22, 2015
သူတော်ကောင်းတရား (၇) ပါး
သူတော်ကောင်းတရား (၇) ပါး
=================
ဗုဒ္ဓဘုရားသည် ဟောကြားတော်မူသည့် သူတော်ကောင်းတရား (၇) ပါးမှာ
(၁) သဒ္ဓါ (ယုံကြည်ခြင်း)။
(၂) သီလ (ကိုယ်ကျင့်တရား)။
(၃) ဟိရီ (အရှက်တရား)(မကောင်းမှုဒုစရိုက်ပြုရန် ရှက်ခြင်း)။
(၄) သြတ္တပ္ပ (အကြောက်တရား) (မကောင်းမှုဒုစရိုက်ပြုရန် ကြောက်ခြင်း)။
(၅) သုတ (အကြားအမြင် ဗဟုသုတများခြင်း)။
(၆) စာဂ (ပီးကမ်းစွန့်ကြဲတတ်ခြင်း)။
(၇) ပညာ (အသိပညာဟိခြင်း) ဖြစ်သည်။

Monday, December 14, 2015
ကာလာမသုတ်
ကာလာမသုတ်
========
အို အချင်း ကာလာမရွာသားများ။
(၁) သင်ရို့သည် ထိုသို့ဖြစ်ဖူးသည် ဤသို့ဖြစ်ဖူးသည် သူများစကားကြားနာရုံမျှဖြင့် ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
========
အို အချင်း ကာလာမရွာသားများ။
(၁) သင်ရို့သည် ထိုသို့ဖြစ်ဖူးသည် ဤသို့ဖြစ်ဖူးသည် သူများစကားကြားနာရုံမျှဖြင့် ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
(၂) အစဉ်အဆက် မိရိုးဖလာ စကားဖြစ်ရုံမျှဖြင့်လည်း ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
(၃) ပိဋကတ် ရှိဟောင်းစာပီကျမ်းဂန်များနှင့် ညီညွတ်သည် မျှတသည်စသည်ဖြင့် ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
(၄) တထွာချေမျှလောက်သော မိမိ၏အသိဥာဏ်ဖြင့် ကြံစည်တွေးဆ၍ ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
(၅) ငါကြံစည်ယူဆထားသော အယူအဆနှင့် ညီညွတ်သည်၊ ကိုက်ညီသည်ဟူ၍လည်း ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မသူသင့်။
(၆) ငါရို့လေးစားသော ရဟန်းဘုန်းတော်ကြီး၏ စာစကားဖြစ်သည်ဟူ၍လည်း ဟုတ်ပျာယ်မှန်ပျာယ်ဟု အတည်မယူသင့်။
(၇) ငါဘုရားကိုယ်တော်တိုင် ဟောပြောသောစကားဖြစ်သည်ဟူ၍လည်း အတည်မယူသင့်။
(၈) မည်သို့သော အယူအဆပင်ဖြစ်စီ မိမိကိုယ်တိုင် လက်တွိကျင့်ကြံအားထုတ်၍ အကျိုးစီးပွားတစုံတခုဟိသည်ဖြစ်မှ မိမိဦးနှောက်ကိုအသုံးပြု၍ လက်ခံကျင့်သုံး ယုံကြည်ကတ်ပါကုန်လော့။
(ဗုဒ္ဓ)
Sunday, December 6, 2015
(ဟီရိ) ရှက်ခြင်း (၃) မျိုး
(ဟီရိ) ရှက်ခြင်း (၃) မျိုး
============
ရှက်ခြင်းသုံးမျိုးဟိသည်။ လည်းကောင်းသုံးမျိုးမှာ
၁။ ဇာတိ ဟီရိ
၂။ ဝယ ဟီရိ
၃။ ဂုဏ ဟီရိ ဖြစ်သည်။
(၁) (ဇာတိဟီရိ) ဆိုသည်မှာ မိမိ၏အမျိုးဇာတ်ကိုထောက်ထား၍ ရှက်ခြင်းကို ဆိုလိုသည်။ မိမိပြုမူပြောဆိုလိုက်သည့် ကာယကံ၊ ဝစီကံများကြောင့် မိမိရို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ညှိုးမှိန်လားဖို့လား။ မိမိကြောင့် မိမိရို့၏အမျိုးအနွယ် ဂုဏ်သိက္ခာကျဆင်းလားဖို့လား တွေးတောဆင်ခြင်ပြီး၊ တနည်း မိမိ၏အမျိုးဇာတ်ကိုငဲ့ညှာပြီး မကောင်းမှုပြုလုပ်ခြင်းကို ရှက်ခြင်း၊ မကောင်းသောစကားပြောရန် ရှက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ရှက်ခြင်းမျိုးကို (ဇာတိဟီရိ) ဟုခေါ်သည်။
(၂) (ဝယဟီရိ) ဆိုသည်မှာ မိမိ၏အသက်အရွယ်ကိုထောက်ထားပြီး ရှက်ခြင်းဖြစ်သည်။ ကိုယ့်အသက်အရွယ်ကိုငဲ့ပြီး မကောင်းသည့်အလုပ် မလုပ်ရန်၊ မကောင်းသည့်စကားကို မပြောရန် ရှက်ခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သော ရှက်ခြင်းမျိုးကို (ဝယဟီရိ) ဟုခေါ်သည်။
(၃) (ဂုဏဟီရိ) ဆိုသည်မှာ မိမိ၏ရာထူးဂုဏ်ကိုငဲ့ညှာပြီး မကောင်းသောအမှုကို မလုပ်ခြင်း၊ မကောင်းသောစကားကို မပြောခြင်း စသောရှက်ခြင်းမျိုးကို (ဂုဏဟီရိ) ဟုခေါ်သည်။
ထိုကဲ့သို့ (ဇာတိ၊ ဝယ၊ ဂုဏ) ဂုဏ်များကို ငဲ့ညှာထောက်ထားပြီး ရှက်တတ်သောသူသည် မကောင်းသည့်အမှုကိုပြုရန်၊ မကောင်းသောစကားကိုပြောရန် အလွန်ခက်ခဲသည်။ သူတော်ကောင်းများသည်လည်း ဤတရားသုံးပါးကိုအစဉ်အမြဲအောက်မိပြီး ရှက်တတ်ရန်။ မကောင်းသောအမှု၊ မကောင်းသောစကားများကို ပြုလုပ်ပြောဆိုခြင်းမှ ယှောင်ကြည်ရန် အထူးလိုအပ်သည်။
သီတင်းကျွတ်လကွယ်နိ (ရွီးကောက်ပွဲပြီး၍ ၂ ရက်နိ) ဗုဒ္ဓဟောကြားသော တရားတော်များထဲမှကောက်နှုတ်၍ ကျောင်းသျှင်ဆရာတော်ကြီးဟောကြားတော်မူသောတရားကို ကြားနာမှတ်သားမိသမျှ မျှဝီလိုက်ခြင်းဖြစ်သည်။
ခိုင်မျိုးလင်း (မြို့ဟောင်း)
(15/11/2015) AM

Subscribe to:
Posts (Atom)