Sunday, December 6, 2015

(ဟီရိ) ရှက်ခြင်း (၃) မျိုး

(ဟီရိ) ရှက်ခြင်း (၃) မျိုး
============

ရှက်ခြင်းသုံးမျိုးဟိသည်။ လည်းကောင်းသုံးမျိုးမှာ

၁။ ဇာတိ ဟီရိ
၂။ ဝယ ဟီရိ
၃။ ဂုဏ ဟီရိ ဖြစ်သည်။

(၁) (ဇာတိဟီရိ) ဆိုသည်မှာ မိမိ၏အမျိုးဇာတ်ကိုထောက်ထား၍ ရှက်ခြင်းကို ဆိုလိုသည်။ မိမိပြုမူပြောဆိုလိုက်သည့် ကာယကံ၊ ဝစီကံများကြောင့် မိမိရို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ညှိုးမှိန်လားဖို့လား။ မိမိကြောင့် မိမိရို့၏အမျိုးအနွယ် ဂုဏ်သိက္ခာကျဆင်းလားဖို့လား တွေးတောဆင်ခြင်ပြီး၊ တနည်း မိမိ၏အမျိုးဇာတ်ကိုငဲ့ညှာပြီး မကောင်းမှုပြုလုပ်ခြင်းကို ရှက်ခြင်း၊ မကောင်းသောစကားပြောရန် ရှက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ရှက်ခြင်းမျိုးကို (ဇာတိဟီရိ) ဟုခေါ်သည်။

(၂) (ဝယဟီရိ) ဆိုသည်မှာ မိမိ၏အသက်အရွယ်ကိုထောက်ထားပြီး ရှက်ခြင်းဖြစ်သည်။ ကိုယ့်အသက်အရွယ်ကိုငဲ့ပြီး မကောင်းသည့်အလုပ် မလုပ်ရန်၊ မကောင်းသည့်စကားကို မပြောရန် ရှက်ခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သော ရှက်ခြင်းမျိုးကို (ဝယဟီရိ) ဟုခေါ်သည်။

(၃) (ဂုဏဟီရိ) ဆိုသည်မှာ မိမိ၏ရာထူးဂုဏ်ကိုငဲ့ညှာပြီး မကောင်းသောအမှုကို မလုပ်ခြင်း၊ မကောင်းသောစကားကို မပြောခြင်း စသောရှက်ခြင်းမျိုးကို (ဂုဏဟီရိ) ဟုခေါ်သည်။

ထိုကဲ့သို့ (ဇာတိ၊ ဝယ၊ ဂုဏ) ဂုဏ်များကို ငဲ့ညှာထောက်ထားပြီး ရှက်တတ်သောသူသည် မကောင်းသည့်အမှုကိုပြုရန်၊ မကောင်းသောစကားကိုပြောရန် အလွန်ခက်ခဲသည်။ သူတော်ကောင်းများသည်လည်း ဤတရားသုံးပါးကိုအစဉ်အမြဲအောက်မိပြီး ရှက်တတ်ရန်။ မကောင်းသောအမှု၊ မကောင်းသောစကားများကို ပြုလုပ်ပြောဆိုခြင်းမှ ယှောင်ကြည်ရန် အထူးလိုအပ်သည်။

သီတင်းကျွတ်လကွယ်နိ (ရွီးကောက်ပွဲပြီး၍ ၂ ရက်နိ) ဗုဒ္ဓဟောကြားသော တရားတော်များထဲမှကောက်နှုတ်၍ ကျောင်းသျှင်ဆရာတော်ကြီးဟောကြားတော်မူသောတရားကို ကြားနာမှတ်သားမိသမျှ မျှဝီလိုက်ခြင်းဖြစ်သည်။

ခိုင်မျိုးလင်း (မြို့ဟောင်း)
(15/11/2015) AM

No comments:

Post a Comment