Thursday, October 18, 2018
နောင်တ (၁၀) ပါး
နောင်တ (၁၀) ပါး
==========
၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခ၍ အိုမင်းသောအခါ ဆင်းရဲမွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။
၂။ ငယ်ရွယ်စဉ် ပညာသင်ရန် အခွင့်ရဟိပါသော်ငြားလည်း ဆိုးမိုက်ယောင်ဖယ် ကျောင်းခိုးဆင်း၍ နောင်သောအခါ သက်မွီးဝမ်းကျောင်းမလုပ်တတ်သောကြောင့် နောင်တကြီးစွာရခြင်း။
၃။ ကောက်ကျစ်ယုတ်ညံ့ ကုန်းတိုက်ရန်တိုက်ပီးဖူးခသောကြောင့် သီခါနီးသောအခါ ငါလုပ်ခစွာတိ ကောင်းကောင်းမှားရေမနားဟု နောင်တကြီးစွာရခြင်း။
၎။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ဖူးခသောကြောင့် အသက်ရွယ်ကြီးရင့်လာသောအခါ ယူကျုံးမရ နောင်တကြီးစွာရခြင်း။
၅။ မလားလာအပ်သော သူမယားနှင့် သမီးသားကို လားလာပေါင်းဖော် ဖျတ်ဆီးမိခြင်းကြောင့် မိမိမှာ သားသမီးရလာသောခါ နောင်တတဖန် ပူပန်ရခြင်း။
၆။ များစွာသော ပစ္စည်းဥစ္စာနှင့် ပြည့်စုံပါလျှက် ဆင်းရဲသူများအား ဒါနပီးလှူပြုရမည်ကို သတိမရဘဲ မွဲပြာကျခါမှ ငါမလှူမိခစွာ ကောင်းကောင်းမှားရေရာမနားဟု နောင်တကြီးစွာရခြင်း။
၇။ မိအို၊ ဖအိုများကို ကျွေးမွီးနိုင်ပါလျှက် အသက်ရှင်နီစဉ် သတိမရဘဲ သီပြီးလားခါမှ ငါမလုပ်ကျွေးခစွာ ကောင်းကောင်းမှားရေရာမနားဟု နောင်တကြီးစွာရခြင်း။
၈။ မိခင်ဖခင် ကျေးဇူးသျှင်အား မထီလေးစား ပြုမိမှားခြင်းကြောင့် နောင်သောအခါမှ ရင်ထုမနာဖြစ်ရခြင်း။
၉။ သီလ၊ သမာဓိ၊ ဥာဏ်ပညာပြည့်စုံသော လူပုဂ္ဂိုလ်၊ ရဟန်းများတွိပါလျှက် မဆည်းကပ်၊ မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာရခြင်း။
၁၀။ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများပြောပါလျှက် နားမထောင်ဘဲ မကျင့်ကြံမိသောကြောင့် အခါနှောင်းမှ နောင်တကြီးစွာရခြင်း။
(မဟာဇနကဇာတ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment